Skip to content

NVIDIA👉Ampere A100👉RTX 3000 Series

ဒီနှစ်ရဲ့ 2nd Quarter အကုန်မှာ Nvidia ရဲ့ CEO ဖြစ်သူ ‘Jensen Huang’ ဟာ သူ၏နေအိမ် မီးဖိုချောင်မှတဆင့် နည်းပညာကမ္ဘာကို ‘Keynote’ speech တခု လွှင့်ခဲ့ပါတယ်။ အဲဒါကတော့ Nvidia ဟာ ကမ္ဘာ့အကြီးဆုံး Graphic Card တွေနဲ့ AI System ပါတဲ့ Server တစ်ခုကို လက်ရှိသုံးနေကြတဲ့ High-End CPU Server တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်ထုတ်ပြန်ခဲ့ပါတယ်။

          အဲ့ဒီ Server မှာ Nvidia ရဲ့ GPU အသစ် ‘Ampere’ 7nm ကို အသုံးပြုထားပါတယ်။ ထောင်ပေါင်းများစွာသော Nvidia ရှိ Engineer များရဲ့ ကြိုးစားအားထုတ်မှု့လို့ဆိုပါတယ်။ Chip Name ကို A100 လို့ပေးထားပါတယ်။ လောလောဆယ်မှာ Cloud Services, Data Analysis နဲ့ Artifical Intelligence

တွေကို အသုံးပြုနေတဲ့ Data Center တွေအတွက် ရည်ရွယ်ပါတယ်။ သူ့အရင်ထွက်ရှိခဲ့တဲ့ Tesla V100 chip နဲ့ နှိုင်းယှဉ်မှု့ကို Post ရဲ့ ပုံ မှာတွေ့မြင်ရမှာပါ။ System board တစ်ခုပေါ်မှာ Ampere A100 chipset card (၈) ခုထိ ထည့်သွင်းတည်ဆောက်ထားပြီး ‘World Largest Graphic Card’ လို့ ကြွေးကြော်ထားပါတယ်။ Chipset တစ်ခုမှာ Transistor 54 billion ထည့်သွင်းထားလို့ Chipset (8) ခုပါတဲ့ SystemBoard တစ်ခုမှာ 432 billion transistor ပါတဲ့အတွက် Computer တစ်လုံးမှာ transistor အရေအတွက် အများဆုံးပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။ CEO Mr.Huang ကတော့ Ampere A100 ဟာ Data Center တည်ဆောက်မှု့နည်းပညာရပ်ဝန်းကို ထူးထူးကဲကဲ အကျိုးသက်ရောက်မှု့ရှိလိမ့်မယ်လို့ ပြောထားပါတယ်။ Server တစ်လုံးကို ပေါင် 50 အလေးချိန်ရှိပြီး ဈေးနှုန်းအနေနဲ့ $199000 သတ်မှတ်ထားပါတယ်။ Post ထဲက ပုံကို ကြည့်ခြင်းအားဖြင့် Server 5 လုံးပါ Rack တစ်ခုကို $1M ကျသင့်ပြီး 28kW ရှိပါမယ်။ သို့ပေမယ့် အခြား Performance တူ Server Rack တွေထက် ကုန်ကျစရိတ် 1/10th ပဲရှိပြီး၊ ပါဝါစားသုံးမှု့နှုန်းကလည်း 1/20th ပဲရှိတယ်လို့ ကြေငြာထားပါတယ်။

          ကဲ့…. ဒုတိယပိုင်းအနေနဲ့ ကျွန်တော်တို့ Home User, Content Creator နဲ့ Gamer တွေအတွက် ဒီ Ampere A100 chip ဟာ ဘာအကျိုးသက်ရောက်မှု့ရှိမလဲလို့ မေးစရာရှိလာပါတယ်!!!

          လောလောဆယ်မှာတော့ Source ပေါင်းမြောက်များစွာကနေ၊ Unofficial information မြောက်များစွာထွက်နေပါတယ်။ အားလုံးစိတ်ဝင်စားအောင် ၀င်ငံထားတဲ့ အထူးသတင်းတစ်ပုဒ်လည်း ရှိနေပါတယ်။

          အဲ့ဒါကတော့ အားလုံးမျှော်နေတဲ့ (အထူးသဖြင့် Gamer အများစု) GeForce RTX 3080 Ti……

          GeForce 3000 series graphic card တွေမှာ Tu 1xx series မဟုတ်တော့ပဲ GA 102 ဆိုတဲ့ 84 Streaming processors 5376 CUDA Cores ပါဝင်တဲ့ GPU engine ကို သုံးလိမ့်မယ်လို့ သတင်းထွက်နေပါတယ်။ သူ့ထက် မော်ဒယ်မြင့်တဲ့ GA103, GA104 GPU တွေနဲ့လည်း ထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ RTX 3080 Ti Graphic Card ဟာ 12GB GDDR6 memory ကို Bandwidth 864Gb/s နဲ့ ထွက်ရှိပါလိမ့်မယ်။ ဈေးကို RTX 2080 Ti ထက် အများကြီးမပိုဘူးလို့ဆိုထားပေမယ့် Performance ပိုင်းကတော့ RTX 2080 Ti ထက် 40% ပိုသာမယ်လို့ ကြားသိရပါတယ်။ RTX 3080 Ti Sample Card test result အရ Boost clock frequency 2.2GHz နဲ့ အလုပ်လုပ်နိုင်ပါတယ်။ (အရင် RTX 2080 Ti Card မှာ Boost clock 1.5GHz ပဲရခဲ့တာပါ)။ DLSS လို့ ခေါ်တဲ့ Deep Learning Super Sampling version အသစ် 3.0 ရမယ်လို့ သိရပါတယ်။ ယခု GAxxx chipset တွေအားလုံးက အခုထွက်ရှိတဲ့ Server chipset Ampere A100 ကို အခြေခံပြီး ထုတ်ထားတာပါ။ PC 4K Gaming လောကကို အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် nVidia ရဲ့ ထုံးစံအတိုင်း Ampere chip ဟာ ပထမ Tesla Card ၊ ပြီးမှ Quadro Card အဆင့်ဆင့် လာမှာဆိုတော့ RTX 3080 Ti Card ဟာ ယခုနှစ်ဆောင်းဦးရာသီ အားလပ်ရက်များရောက်မှ ထွက်ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

          နိဂုံးချုပ်အနေနဲ့ သုံးသပ်သူများရဲ့ သတင်းကတော့ ‘Intel’ ရဲ့ transistor ‘tens of billions’ သုံးထားပါတယ်ဆိုတဲ့ ‘Xe’ အမည်ရ GPU ၊ AMD ရဲ့အမည် အမျိုးမျိုးထွက်နေတဲ့ Next Generation GPU (Big Navi, Navi 2X, RDNA 2) တို့နဲ့ Graphic Card ပြိုင်ပွဲဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ဒီနှစ်မကုန်ခင် Benchmark record အသစ်တွေ၊ Sector အသီးသီးရဲ့ အကောင်းဆုံး Graphic Card တွေကို တွေ့မြင်ရတော့မှာ ဆိုတဲ့ အကြောင်း ဝေမျှလိုက်ရပါတယ်။

Leave a Comment





Scroll To Top