Skip to content

`ခေတ်တစ်ခေတ် အစပျိုးခြင်း (သို့မဟုတ်) AMD SmartShift Technology´

ပြီးခဲ့တဲ့ ဆယ်စုနှစ်(၂)ခု အတွင်းမှာ PC, Console Gaming System တွေရဲ့ ပြောင်းလဲလာမှု့ကတော့ မယုံကြည်နိုင်လောက်အောင်ကို ပြောင်းလဲခဲ့ကြပါတယ်။ ဒီနေ့ပြောပြမယ့် AMD SmartShift Technology အကြောင်းမှာ မပါမဖြစ် ပြောပြရမယ့် လူတစ်ယောက်အကြောင်းရှိပါတယ်။ အဲဒီပုဂ္ဂိုလ်နာမည်ကတော့ `Frank Azor´ ဖြစ်ပါတယ်
သူကတော့ PC Gaming Machine လောကရဲ့ ဥသျှောင်လို့ခေါ်ရမယ့် `Alienware´ ကို စတင်တည်ထောင်သူ (၃) ဦးထဲက တစ်ဦးဖြစ်ပါတယ်။
-1998 ကနေ 2009 အထိ Alienware မှာ Engineer ၊ နောက်ပိုင်း Sales&Marketing မှာ Executive
-Alienware ကို Dell အားရောင်းချပြီးနောက် 2009 ကနေ 2012 အထိ Dell ရဲ့ Alienware product planning မှာ Responsible person
-2012 ကနေ 2019 အထိ Dell products တွေထဲက Alienware, Gaming (G Series) နဲ့ XPS brand တွေရဲ့ Vice President နဲ့ General Manager အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ 2019 July လလောက်မှာ (Zen2 CPU ထွက်တဲ့ အချိန်လောက်) AMD ကို Chief Architect of Gaming Solutions ရာထူးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ High performance ပစ္စည်းနှစ်ခုကို ပိုင်ဆိုင်ထားတဲ့ (AMD Ryzen CPU နဲ့ AMD Radeon GPU) အတွက်ကြောင့်မို့ နောက်ထပ်ကြီးမားကျယ်ပြန့်သော နည်းပညာနဲ့ Software ကို ပူးပေါင်းတီထွင်ဖန်တီးချင်တာလည်း သူ့ရဲ့ အိမ်မက်အသစ်တစ်တစ်ခုဖြစ်နေပါတယ်။

သူ AMD ကို ရောက်ပြီး တနှစ်နီးပါးအကြာမှာတော့…….

AMD ဟာ Dell နဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာ့ ပထမဆုံး `AMD Advantage´ System ဖြစ်တဲ့ `Dell G5 15 SE´ (Special Edition) ကို Customer တွေဆီ တင်ဆက်ခဲ့ပါတယ်။ ကျောင်းသုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးကစပြီးတော့ Content Creation သမားတွေ အတွက်သာမက၊ နောက်ဆုံးပေါ် Game တွေကို Framerates အမြင်နဲ့ ကစားဖို့အဆုံးထိ Dell G5 15 SE Laptop ဟာ လုပ်ဆောင်ပေးနိုင်မှာပါ။ AMD Gaming Solution ထုတ်ကုန်တွေထဲမှာ ပြည့်စုံကျယ်ပြန့်ဆုံး ထုတ်ကုန်တစ်ခု ဖြစ်လာမယ့် AMD SmartShift ကို နည်းပညာအသစ်အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

အဲဒီ `SmartShift´ ဆိုတာ ဘာလဲ !!!

Free performance boost တစ်ခုအနေနဲ့ တွေးထင်ထားလို့ရပါတယ်။ Laptop ရဲ့ Size, Weight နဲ့ ပါဝါစားသုံးမှု့ကို ဘာမှထပ်တိုးမထားပါဘူး။ ဒါပေမယ့် User နဲ့ Gamer တွေ အားလုံးကို performance 14% အထိ ရှိရင်းစွဲထက် performance ပိုကောင်းအောင်လုပ်ဆောင်ပေးထားပါတယ်။ ဘယ်လိုလုပ်ထားသလဲဆိုတော့ AMD Ryzen 4th Gen CPU နဲ့ AMD Radeon RX 5600M GPU ကို တခုနဲ့တခု တိုက်ရိုက်ဆက်သွယ်ပြီး တခုကိုတခု Loading မှာ ပံ့ပိုးလို့ရအောင် ပထမဆုံး နည်းပညာအနေနဲ့ ဖန်တီးပေးထားပါတယ်။ WIRED မဂ္ဂဇင်းကတော့ ဒီနည်းပညာကို ` It´s smart, it´s powerful and it has big potential ´ ဆိုပြီးချီးကျူးထားပါတယ်။
4th May 2020 မှာ AMD Performance Lab ရဲ့ RM-018 testing မှာ `The Witcher3´, `Battlefield5´, `TC The Diversion2´ ကို Dell 65 15 SE (Ryzen7 4800H, RX 5600M 6GB, 32GB DDR4-3200MHz) Laptop နဲ့ AMD SmartShift ON/OFF ပြီး test လုပ်ခဲ့ပါတယ်။ Test result ဟာလည်း သိသိသာသာ ကွာခြားခဲ့ပါတယ်။ Post က ပူးတွဲပုံမှာ လေ့လာနိုင်ပါတယ်။ ကိန်းဂဏန်းအရရော၊ အမြင်အရပါ ကွာခြားနေတာ သိသာပါတယ်။ Content Creator များအတွက်လည်း AMD SmartShift ON/OFF ဟာ Cinebench 20nT လို benchmark software မှာ 12% ပိုမိုမြန်ဆန်တာကို တိုင်းတာလို့ရခဲ့ပါတယ်။

Dell G5 15 SE Laptop ကိုလည်း Ryzen5 4600H CPU ကနေ Ryzen9 4900H CPU အထိ Dual Channel 3200MHz Memory နဲ့ အစားစားဝယ်ယူနိုင်မှာပါ။ နောက်ပြီးတော့ 7nm AMD RDNA Gaming Architecture ပါတဲ့ RX 5600M 6GB GPU ကိုလည်း ထည့်သွင်းပေးထားပါတယ်။ AMD Freesync technology panel လုပ်ဖို့ 60Hz or 144Hz ကို စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။ Four-zone RGB Keyboard ပါပြီး Control လုပ်ဖို့ Alienware Control Center ကို ထည့်သွင်းပေးထားပါတယ်။ Dell ကတော့ USD 799 က စတင်ရောင်းချမယ် ပြောထားတော့ ဈေးမှားတဲ့အထဲမှာ မပါဘူးလို့ ဆိုရပါမယ်။
 
AMD ဘက်မှ ပြောကြားထားတဲ့ Dell ပရိတ်သတ်မဟုတ်သူများအတွက် သတင်းဆိုးကတော့ 2021 ခုနှစ် မတိုင်မှီ Dell brand မှ လွဲပြီး အခြား ဘယ် Laptop brand နဲ့မှ AMD SmartShift Technology ပါဝင်ပြီး ထွက်စရာမရှိသေးပါဘူး ဆိုတာပါပဲ။ နောက်ပြီး PC ထုတ်လုပ်သူအတော်များများဟာလည်း Ryzen 4xxxH Class Series ရဲ့ Game Changer ဖြစ်လာမယ့် performance ကို
ကြိုတင်တွက်ဆမထားခြင်းကြောင့်လည်း နောက်ကျကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတော့ Dell G5 15 SE ဟာ AMD Processor, Graphics နဲ့ Software (၃) မျိုးကို အကောင်းဆုံး performance ရအောင် ပေါင်းစပ်ထားတဲ့ PC လောကရဲ့ ပထမဆုံး Game Changer Laptop ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နောက်လအနည်းငယ်အတွင်း တွေ့မြင်စမ်းသပ်လို့ ရနိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျား…….

10:00am

18th July 2020

Tazer Win

#MAT Computer System

#Gaming

#Dell

#AMD

#Ryzen

#Radeon

Leave a Comment





Scroll To Top