Skip to content

DISINTEGRATION

ဒီတစ်ပတ်တော့ ‘HALO’ Game ရဲ့ Co-Creator Marcus Lehto တည်ထောင်ထားတဲ့ V1 Interactive Studio ကနေ June 16, 2020 ရက်နေ့မှာ ထုတ်လုပ်လိုက်တဲ့ ‘Disintegration’ ဆိုတဲ့ Game လေးနဲ့ Gamer ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Game ရဲ့ ထူးခြားချက်က First-Person-Shooter (FPS) နဲ့ Real Time Strategy (RTS) ကို ပေါင်းစပ်ပေးထားတာပါပဲ။

Disintegration ရဲ့ ဇာတ်လမ်းကျောရိုးကတော့…….

ကျွန်တော်တို့ရဲ့ အနာဂတ် ကမ္ဘာကြီးပေါ်မှာ မုန်တိုင်းကြီးတွေ နေရာအနှံ့ ဖြစ်ပေါ်ပြီး စိစိညက်ညက်ကြေအောင် ပျက်စီးဆုံးရှုံးမှု့တွေ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့စီးပွားရေး အလုံးစုံလည်း ပျက်စီးခဲ့ရပါတယ်။ လူတွေမှာ ရောဂါဆန်းပေါင်းစုံဖြစ်ပေါ်ပြီး လူသားမျိုးတုံးလုနီးနီး ဖြစ်သွားတဲ့ အခြေအနေကို ရောက်သွားပါတယ်။

ဒါပေမယ့် လူသားတွေရဲ့ အရေးကြီးဆုံး မှတ်ညဏ်အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်ကို လူသားပုံစံ စက်ရုပ်အတွင်းမှာ အစားထိုးခြင်းဖြင့် အာရုံခံစားနိုင်စွမ်းရှိတဲ့ Hybrid Robot ဘ၀နဲ့ ဟန်မပျက် ဆက်လက်ရပ်တည်ကြပါတယ်။ အဲ့ဒီ လုပ်ငန်းတွေနဲ့ ကမ္ဘာကြီးကို ဗိုလ်ကြ၊ ကြီးစိုး၊ ချယ်လှယ်လာတာကတော့ ‘Rayonne’ ဆိုတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

‘Disintegration’ ဆိုတဲ့ Game ထဲက အဓိက ဇာတ်ကောင်ကတော့ ‘Romer Shoal’ ဆိုတဲ့ Gravcycle Pilot ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ တော်လှန်ရေးအဖွဲ့ငယ်လေးက ပုံမှန်လူသားတွေဆက်လက်ရှင်သန်ရေးအတွက် ‘Rayonne’ အဖွဲ့အစည်းကြီးကို Game ကစားသူ ကိုယ်စွမ်း၊ ညဏ်စွမ်းရှိသလောက် တွန်းလှန်ကစားသွားရမယ့် စိတ်ဝင်စားစရာ Game ကောင်းတခု အဖြစ် ရည်ညွှန်းလိုက်ရပါတယ်။

Game ကစားသူက အဓိကဇာတ်ကောင်ဖြစ်တဲ့ ‘Romer Shoal’ နေရာမှာ First-Person-Shooter ပုံစံ ကစားရမှာဖြစ်ပြီး၊ တစ်ချိန်တည်းမှာ သူ့ရဲ့အဖွဲ့ငယ်ဖြစ်တဲ့ ‘Coqui’၊ ‘Doyle’ နဲ့ ‘Agnes’ တို့ကို Real Time Strategy ပုံစံ command ပေးပြီး တိုက်ပွဲ အလီလီကို အောင်မြင်အောင် တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် သုံးယောက်ရဲ့ နာမည်ကို ကိုယ်ကြိုက်သလို ပြောင်းလို့ရတယ်နော

Difficult level တွေကိုတော့ Story ၊ Recrut ၊ Maverick နဲ့ Outlaw အဖြစ် အမျိုးမျိုး ‘ဇ’ ရှိသလို ရွေးကစားနိုင်ပါတယ်။ ဒါကတော့ Single Campaign Mode ကို ပြောပြပေးတာပါ။

Multiplayer အတွက်လည်း Map မျိုးစုံပါတဲ့ Team-based 5v5 multiplayer mode ကို ထည့်သွင်းပေးထားပါတယ်. ဒါပေမယ့် Multiplayer Mode ကစားမယ်ဆိုရင်တော့ Disintegration ကို Steam ထဲမှာ $49.99 နဲ့ ၀ယ်ရမှာဖြစ်ပါတယ်.

Multiplayer team အမျိုးအစားတွေကို-

-The Business

-King’s Guard

-Lost Ronin

-The Militia

-Muertos

-Neon Dreams

-The Sideshows

-Tech Noir

-Warhedz

ဆိုပီး အမျိုးအစား (9) မျိုး ခွဲပေးထားပါတယ်……

လောလောဆယ်မှာတော့ Disintegration Game ဟာ Gamespot Rating-7, Metascore Ration-64 ရထားပြီး အခြေအနေကောင်းနေပါတယ်။ Steam reviews မှာလည်း 70% နဲ့ Mostly Positive ရရှိထားပါတယ်။

PC SYSTEM REQUIREMENTS

Minimum & Recommended တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Minimum:
OS: Windows 10 64-bit
Processor: Intel Core i5-2400 or AMD Ryzen5 1400
Memory: 8 GB RAM
Graphics: Geforce GTX 570 or Radeon HD 7850
DirectX: Version 11
Storage: 15 GB available space

Recommended:
OS: Windows 10 64-bit
Processor: Intel Core i7-8700 or AMD Ryzen7 3800X
Memory: 16 GB RAM
Graphics: Geforce GTX 1060 6GB or Radeon RX 5700 XT
DirectX: Version 11
Storage: 15 GB available space

⭐️ MAT IT & Mobile Sales and Service

🏡 အမှတ် (၆၁/က)၊ ၂၇ လမ်း၊ ၇၃ လမ်း နှင့် ၇၄ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း (၀၂) ၄၀၇၂၆၇၉၊ (၀၉) ၄၃၀၅၈၇၆၅၊ ၄၃၀၅၉၈၁၄၊ ၄၃၀၅၉၈၁၃။

🏡  အမှတ် (၂၅)၊ ကျောက္ကာလမ်း နှင့် မကျီးကုန်းလမ်းဒေါင့်၊ ဝါစက်ဝင်းအနီး၊ ချမ်းမြသာစည်ရပ်၊ မုံရွာမြို့။

ဖုန်း (၀၉)-၇၉၇၂၂၂၂၄၂၊ ၂၅၆၃၇၇၂၄၂။

🕰  ဆိုင်ဖွင့်ချိန်- နံနက် (၉) နာရီ မှ ညနေ (၆:၃၀) အထိ။
e-mail: [email protected]

Leave a Comment





Scroll To Top