Skip to content

Laptop တစ်ခုရွေးချယ်ခြင်း

1) ရုံးသုံး၊ ကျောင်းသုံး Laptop တစ်လုံးအတွက် အခြေခံအားဖြင့် $200 ကျော် (350000-400000%) ၀န်းကျင်လောက်ကျသင့်ပါတယ်။ ဒါပေမယ့် ဒီဈေးနဲ့ Laptop တွေဟာ 3D Game တွေ၊ Heavy Loading Process တွေအတွက်တော့ မရည်ရွယ်ပါဘူး။ ဒီဈေးဝန်းကျင် Laptop တွေဟာ Screen 15.6″၊ Laptop Weight ကလည်း 2.4kg ၀န်းကျင်လေးလံကြပါတယ်။

2) သင်ဟာ Modern Game တွေ ဆော့ချင်တယ်ဆိုရင်တော့ သီးခြား Dedicated Graphic Card ပါတဲ့ (ဥပမာ- Nvidia GTX 1650) Gaming Laptop မျိုးလိုအပ်ပါတယ်။ Gaming Laptop တွေဟာ 15.6″ (သို့) 17″ ကျော် Screen Size ကြီးကြီးတွေနဲ့ လာပြီး Weight ကလည်း 3kg ကျော်လေးပါတယ်။ အိမ်မှာ အဓိကသုံးပြီး ရံဖန်ရံခါသာ အပြင်ယူသွားကြတာ များပါတယ်။

3) အကယ်၍များနေရာစုံကိုသယ်သွားတယ် ကြည့်ရတာလည်း Mordern ဖြစ်ပြီး Weight ကလည်း 2kg အောက်ဆိုရင်တော့ အကောင်းဆုံးက Screen Size 13.3” (သို့) 14” Laptop တွေသာ ရွေးချယ်လိုက်ပါ။ Performance ကောင်းကောင်း၊ ပေါ့ပေါ့ပါးပါး၊ လှလှပပလေး ဆိုရင်တော့ ဈေးကလည်း လှပနေမယ်ဆိုတာ မမေ့ပါနဲ့နော်….🙂

4) နေရာစုံကို Laptop သယ်ဆောင်သွားပြီး အလုပ်လုပ်နေရတဲ့ User တစ်ယောက်ဆိုရင်တော့ သင့် Laptop ရဲ့ Battery အား အသုံးခံမှုဟာ အလွန်အမင်း အရေးကြီးလာပြီဖြစ်ပါတယ်။ အခုနောက်ပိုင်း Morderrized Laptop တွေမှာတော့ Heavy User တွေအတွက် (5) နာရီဝန်းကျင်နဲ့ သေးသွယ်ပေါ့ပါးတဲ့ Ultrabook User တွေအတွက်ကတော့ (8) နာရီနှင့်အထက် အသုံးပြုလို့ရနေပါပြီ။

5) Windows Laptop တွေအနေနဲ့တော့ ပုံမှန် User တွေအတွက် Core i3 လောက်ကို စတင်အသုံးပြုသင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ Performance ကို ရချင်တဲ့ User တွေအတွက်ကတော့ Core i5၊ Core i7 model တွေကို အသုံးပြုသင့်ပါတယ်။ RAM ကိုလည်း Multitasking အတွက်ဆိုရင်တော့ 8GB လောက်ကို သုံးရမှာပါ။

6) Laptop တွေရဲ့ Performance ပိုင်းကို သိထားသင့်တာကတော့ Laptop အများစုဟာ Mobile Version Processor ကို သုံးပြီး Desktop Processor တွေနဲ့ နှိုင်းယှဉ်ရင် Power စားသုံးမှု့ အစရှိသည်တို့ကို လျှော့နည်းအောင်ဖန်တီးထားရတဲ့အတွက် လုပ်ဆောင်နိုင်မှုစွမ်းအားမှာ Desktop တွေထက် အားနည်းပါတယ်။

7) Budget နဲ့ Mid-range Laptop တွေဟာ Magnetic Hard Disk တွေကို အများဆုံးထည့်သွင်း အသုံးပြုထားပါတယ်။ ပုံမှန်အားဖြင့် 500GB မှ 1TB (1000GB) အထိပါရှိကြပါတယ်။ Mid-range အထက်နဲ့ Flagship (High-end) Laptop တွေမှာတော့ ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ M.2 SSD (Solid State Drive) တွေသုံးလာကြာပါတယ်။ ဒါပေမယ့် သူတို့မှာနေရာ အကျယ်အ၀န်းအားဖြင့်တော့ နည်းသေးတယ်ဆိုတာ သတိပြုထားစေချင်ပါတယ်။ Windows နဲ့ ပုံမှန်အသုံးပြုစရာ Software အားလုံးအတွက် အနည်းဆုံး 128GB လောက်လိုအပ်ပါတယ်။

😊 ရွေးချယ်စရာနောက်တစ်မျိုးကတော့ HP Envy X360၊ Lenovo YOGA နဲ့ Microsoft Surface တို့လို Laptop Mode ရော၊ Tablet Mode ပါ နှစ်မျိုးသုံးလို့ရတဲ့ 2-in-1 Model တွေလည်းရှိတယ်ဆိုတာ သိထားစေချင်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာပစ္စည်း၊ နည်းပညာဆောင်းပါးနှင့်Promotion ဈေးနှုန်းလေးတွေကို အချိန်နဲ့တပြေးညီ Post လေးတွေ တင်ပေးနေပါတယ်… 😊😊😊

အားလုံးသိရအောင် MAT Computer System Page လေးကို Like လုပ်ထားတဲ့အပြင် See First ပါလုပ်ထားပေးပါလို့ တောင်းဆိုပါတယ်ခင်ဗျာ…

⭐️ MAT IT & Mobile Sales and Service

🏡အမှတ် (၆၁/က)၊ ၂၇ လမ်း၊ ၇၃ လမ်း နှင့် ၇၄ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ ဖုန်း (၀၉)-၄၃၀၅၉၈၁၄၊ ၄၃၀၅၉၈၁၃၊ ၂၆၅၁၆၀၉၆၃၊ ၄၃၀၅၈၇၆၅။

🏡

အမှတ် (၂၅)၊ ကျောက္ကာလမ်း နှင့် မကျီးကုန်းလမ်းဒေါင့်၊ ၀ါစက်ဝင်းအနီး၊ ချမ်းမြသာစည်ရပ်၊ မုံရွာမြို့။ ဖုန်း (၀၉)-၇၉၇၂၂၂၂၄၂၊ ၂၅၆၃၇၇၂၄၂။

🕰

ဆိုင်ဖွင့်ချိန် – နံနက် (၉) နာရီ မှ ညနေ (၆:၃၀) အထိ။

e-mail: mat.mobile.computer@gmail.com

#knowledgesharing

#tipsforcomputeruser

#MAT

Leave a Comment





Scroll To Top