Skip to content

AMD Vs Intel

Computer Desktop Processor (CPU )ဈေးကွက်ကို နှစ်အတန်ကြာ အုပ်စိုးထားခဲ့တဲ့ Intel Company ဟာ ပြီးခဲ့တဲ့နှစ် AMD Ryzen CPU Series `Zen2` ရဲ့ တော်လှန်ပုန်ကန်မှု့နဲ့အတူ သူရဲ့ဈေးကွက်ဝေစု အတော်များများကို လက်လွှတ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် ယခုနှစ် April လ မှာ Intel က သူ့ရဲ့ CPU Product အသစ် `Comet Lake-S` တနည်းအားဖြင့် Core Series ရဲ့ 10th gen processor ကို AMD Ryzen `Zen2` နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ပွဲထုတ်ခဲ့ပါတယ်။ လက်လွှတ်ခဲ့ရတဲ့ Gamer တွေ၊ Creator တွေကို `Comet Lake-S` ရဲ့ Performance နဲ့ ပြန်လည်ဆွဲဆောင်ဖို့လို့ အပေါ်ယံအားဖြင့် ယူဆနိုင်ပါတယ်။ ဧရာမ CPU Chip ဈေးကွက်ကြီးထဲမှာလဲ ယခုနှစ် July လဆိုရင် AMD ရဲ့ Ryzen Zen2 ဟာ ပထမနှစ်ပတ်လည်ကာလတောင် ရောက်ရှိလာပါပြီ။ အချို့သော အဓိကကျတဲ့ CPU Key Features တွေမှာ ခြေတလှမ်းနောက်ကျကျန်ခဲ့တဲ့ Intel ဟာ DIY (or) Custom PC ဈေးကွက်တွင်သာမက Brand အတော်များများရဲ့ Laptop CPU ဈေးကွက်မှာလည်း သူ့ရဲ့ဈေးကွက်ဝေစု အတော်များများကို လက်လွှတ်ခဲ့ရပါတယ်။

14nm # 7nm

ကျွန်တော်တို့သုံးစွဲသူ (Customer) တွေသာ အသင့်သုံး၊ လက်တင်သုံးဖို့ (Budget လောက်ခဲ့ရင်ပေါ့လေ 😜) လွယ်ကူပေမယ့် နည်းပညာအသစ်ထုတ်လုပ်သူတွေ အတွက်တော့ Error ကင်းကင်း (0%) လည်ပတ်နိုင်ဖို့ဆိုတာ အမြဲတမ်းခက်ခဲပါတယ်။ Intel ဟာ လက်ရှိ အခြေအနေမှာ Desktop CPU Fabrication Process ကို 10nm ထိလျှော့ချဖို့ အခက်အခဲများစွာကို ဖြတ်သန်းနေရပါတယ်။
ကုမ္ပဏီကိုယ်၌ကလည်း အနည်းဆုံး 2021 နှစ် ကုန်ထိ Mobile ပစ္စည်းတွေအတွက် 7nm processor တွေ ရောက်မလာနိုင်သေးပါဘူးလို့ အတိအလင်း ဝန်ခံထားပါတယ်။ Covid-19 ဖြစ်စဉ်ကလည်း ဒီထုတ်လုပ်မှု့ကိုပိုပြီး (delay) ကြန့်ကြာနိုင်စေမှာပါလို့ ခန့်မှန်းကြပါတယ်။ အတည်ပြုထားခြင်း မရှိတဲ့ သတင်းတွေအရတော့ AMD ဟာ သူတို့ Zen2 (7nm processor) ကို ထုတ်လုပ်စမ်းသပ်နေတာ 8 နှစ် ရှိနေပြီလို့ ကြားသိရပါတယ်။

New Generation Processor နဲ့ New CPU Socket Motherboard

Intel 10th generation processor အသစ်သုံးချင်တဲ့ customer များအတွက်က socket အသစ် (LGA 1200) နဲ့ 400-series Motherboard chipset အသစ်တွေကို ပြောင်းသုံးရမှာ ဖြစ်ပါတယ်။ Motherboard တွေကို Z490 (high-end), B460 (mainstream) နဲ့ H410 (Budget) ဆိုပြီး ဈေးအနိမ့်၊ အမြင့် ခွဲထားပါတယ်။ Motherboard အသစ်တွေရဲ့ ထုံးစံအတိုင်း Z490 ကို စတင်ထုတ်လုပ်ပြီး Motherboard အနိမ့်တွေက ထုတ်လုပ်တဲ့ manufacturer တွေအပေါ် မူတည်ပြီး မျိုးကွဲ (40) လောက်အထိ နောက်လအနည်းငယ်အတွင်းမှာ ဝယ်ယူရရှိနိုင်ကြတော့မှာပါ။ Motherboard ထုတ်တဲ့ ASUS, GIGABYTE, MSI Company တွေကတော့ chipset အသစ်ဖြစ်တဲ့ Z490 ကိုသုံးထားတဲ့ သူတို့ရဲ့ Motherboard တွေဟာ PCIe 4.0 ကို support ပေးဖို့ ready ဖြစ်နေကြပါပြီလို့ ကြေငြာထားပါတယ်။ ဒါပေမယ့် 10th gen processor ထုတ်ထားတဲ့ Intel ကိုယ်၌က 10th gen ဟာ PCIe 3.0 ကိုပဲ support လုပ်နိုင်ပါတယ်လို့ ကြေငြာထားပါတယ်

ဆိုတော့…. ကျွန်တော်တို့ ဘာတွေများ အသစ်အဆန်းရနိုင်မလဲ?

Technical ကျွမ်းကျင်တွေရဲ့ သုံးသပ်ချက်ကတော့ Z490 ဟာ နောင်လာမယ့် (10th gen နောက်ပိုင်း) နည်းပညာတွေအတွက် အဆင်သင့်ဖြစ်ရုံလောက်ပါပဲလို့ သုံးသပ်ထားပါတယ်။ ပြဿနာက main feature အသစ်အဆန်းမပါပဲ ကုန်ကျစရိတ်ရှိမယ့် 10th gen processor & Z490 Motherboard ဝယ်ရမယ့် ကုန်ကျစရိတ်ပါပဲ ။
နည်းပညာအသစ်ရဲ့ တိုးတက်ပြောင်းလဲခြင်းအရ သင်အသုံးပြုနေတဲ့ Software or Game ကို 15% လောက်မှ ပိုမိုပြောင်းလဲမြန်ဆန်မှု့မရှိရင် မပြောင်းသင့်ပါဘူးလို့ အကြံပြုကြပါတယ်။

AMD platform ဘက်မှာတော့ လွန်ခဲ့သော 4 နှစ်ထဲက အသုံးပြုနေတဲ့ AM4 Socket နဲ့ Motherboard အတော်များများဟာ BIOS Update လုပ်ပေးရုံနဲ့ နောက်ဆုံးထွက်ထားတဲ့ High end processor Ryzen9 3950X ကို အသုံးပြုနိုင်ပါတယ်။ ပြောချင်တာက သင့်ရဲ့ PC ကို upgrade လုပ်ဖို့အတွက် Processor + Motherboard အစုံလိုက ဝယ်ဖို့ မလိုဘူးဆိုတဲ့ အကြောင်းအရာပါပဲ။

လက်တွေ့ အသုံးချနှိုင်းယှဉ်မှု့ရလာဒ်များ

Processor တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာကြရင် 3D application render များ၊ ဒါဇင်နဲ့ချီပြီး အသံဖမ်းထားတဲ့ Music tracks တွေကို Mixing လုပ်မှု့များ၊ ဒါမှမဟုတ် Video format တွေကို Encode /Decode လုပ်ရာမှာ ကြာတဲ့ အချိန်တွေနဲ့ နှိုင်းယှဉ်ပြီး Processor ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာကြပါတယ်။
Intel ဟာ Core i9-9900K processor generation တုန်းက Cinebench R15 ၊ R20 တို့လို processor core stress တိုင်းတဲ့ Software တွေ၊ Hangbrake video encoding software တွေနဲ့ တိုင်းတာရာမှာ Ryzen9 3900X processor ကို 25% ကနေ 45% အထိ နှေးတဲ့ရလာဒ်နဲ့ နောက်ကောက်ချခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် ယခု 10th Gen processor မှာတော့ အရင် 9th Gen ထက် 18% ပိုမြန်ပါတယ်လို့ ကြေငြာထားပါတယ်။ 8th Gen တုန်းက Core i3 Series တွေကို Turbo Boost မပေးခဲ့တတွေ၊ 8th Gen၊ 9th Gen တုန်းက Hyper-Threading မပေးခဲ့တာတွေ အားလုံးကို ပြင်ဆင်ပြီး 10th Gen မှာ i3 ကစပြီး Turbo Boost ရော၊ Hyper-Threading ရော ပေးထားပါတယ်။ အဲ့ဒါအပြင် အရင်တုန်းက Core i5 ၊ i7 တွေတောင် K ၊ KF Series တွေမှ ပေးထားတဲ့ All Core Turbo Boost Feature ကို အခု 10th Gen processor series မှာ i3 processor အနိမ့်ဆုံးက စပြီး ထည့်ေးပထားပါတယ်။ ဒါကိုတောင် Performance တိုင်းတာတဲ့ အဖွဲ့တွေက i9-10900K က Ryzen 9 3900X processor ထက် 7% ကနေ 38% အထိ နှေးနိုင်တယ်လို့
ဆိုနေကြပါတယ်။

Conclusion

AMD ဟာ နှစ်ပေါင်းများစွာ `Render ဆိုရင် နှေးတယ်` ၊ `AMD CPU က heat မနိုင်ဘူး` ဆိုတဲ့ ခရီးကြမ်းကို ရုန်းကန်လျှောက်လှမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ 2019 နှစ်လယ်ကစပြီး သူ့ရဲ့ လေနုအေးလေးတိုက်နေတဲ့ မနက်ခင်းနေရောင်ချည်ဟာ စတင်လာပါပြီ။ Intel ကတော့ သူ့ရဲ့ PC processor ဆိုရင် Intel မှ ဆိုတဲ့ သရဖူကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ အခုလည်း Overclocking တွေမှာတော့ Intel Processor ဟာ အခြေအနေကောင်းနေပါသေးတယ်။ သူဟာလည်း သင့်ရဲ့ PC ကို Upgrade လုပ်ရင်ဖြစ်ြဖစ်၊ သင်နောက်ထက် PC အသစ်တလုံးဆင်ရင် (သို့) ဝယ်ရင်ဖြစ်ဖြစ် Intel ဆိုတော့ brand ကို ဘာကြောင့် သုံးရတယ်ဆိုတာ သိအောင် သက်သေပြဖို့ ကြိုးစားနေမှာပါပဲ။

8:15pm
28th June 2020
Tayzer Win
#MAT Computer System
#Intel
#AMD
#Ryzen

Leave a Comment





Scroll To Top