• Laptop တစ်ခုရွေးချယ်ခြင်း

    1) ရုံးသုံး၊ ကျောင်းသုံး Laptop တစ်လုံးအတွက် အခြေခံအားဖြင့် $200 ကျော် (350000-400000%) ၀န်းကျင်လောက်ကျသင့်ပါတယ်။ ဒါပေမယ့် ဒီဈေးနဲ့ Laptop တွေဟာ 3D Game တွေ၊ Heavy Loading Process တွေအတွက်တော့ မရည်ရွယ်ပါဘူး။ ဒီဈေးဝန်းကျင် Laptop တွေဟာ Screen 15.6″၊ Laptop Weight ကလည်း 2.4kg ၀န်းကျင်လေးလံကြပါတယ်။

    2) သင်ဟာ Modern Game တွေ ဆော့ချင်တယ်ဆိုရင်တော့ သီးခြား Dedicated Graphic Card ပါတဲ့ (ဥပမာ- Nvidia GTX 1650) Gaming Laptop မျိုးလိုအပ်ပါတယ်။ Gaming Laptop တွေဟာ 15.6″ (သို့) 17″ ကျော် Screen Size ကြီးကြီးတွေနဲ့ လာပြီး Weight ကလည်း 3kg ကျော်လေးပါတယ်။ အိမ်မှာ အဓိကသုံးပြီး ရံဖန်ရံခါသာ အပြင်ယူသွားကြတာ များပါတယ်။

    3) အကယ်၍များနေရာစုံကိုသယ်သွားတယ် ကြည့်ရတာလည်း Mordern ဖြစ်ပြီး Weight ကလည်း 2kg အောက်ဆိုရင်တော့ အကောင်းဆုံးက Screen Size 13.3” (သို့) 14” Laptop တွေသာ ရွေးချယ်လိုက်ပါ။ Performance ကောင်းကောင်း၊ ပေါ့ပေါ့ပါးပါး၊ လှလှပပလေး ဆိုရင်တော့ ဈေးကလည်း လှပနေမယ်ဆိုတာ မမေ့ပါနဲ့နော်….🙂

    4) နေရာစုံကို Laptop သယ်ဆောင်သွားပြီး အလုပ်လုပ်နေရတဲ့ User တစ်ယောက်ဆိုရင်တော့ သင့် Laptop ရဲ့ Battery အား အသုံးခံမှုဟာ အလွန်အမင်း အရေးကြီးလာပြီဖြစ်ပါတယ်။ အခုနောက်ပိုင်း Morderrized Laptop တွေမှာတော့ Heavy User တွေအတွက် (5) နာရီဝန်းကျင်နဲ့ သေးသွယ်ပေါ့ပါးတဲ့ Ultrabook User တွေအတွက်ကတော့ (8) နာရီနှင့်အထက် အသုံးပြုလို့ရနေပါပြီ။

    5) Windows Laptop တွေအနေနဲ့တော့ ပုံမှန် User တွေအတွက် Core i3 လောက်ကို စတင်အသုံးပြုသင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ Performance ကို ရချင်တဲ့ User တွေအတွက်ကတော့ Core i5၊ Core i7 model တွေကို အသုံးပြုသင့်ပါတယ်။ RAM ကိုလည်း Multitasking အတွက်ဆိုရင်တော့ 8GB လောက်ကို သုံးရမှာပါ။

    6) Laptop တွေရဲ့ Performance ပိုင်းကို သိထားသင့်တာကတော့ Laptop အများစုဟာ Mobile Version Processor ကို သုံးပြီး Desktop Processor တွေနဲ့ နှိုင်းယှဉ်ရင် Power စားသုံးမှု့ အစရှိသည်တို့ကို လျှော့နည်းအောင်ဖန်တီးထားရတဲ့အတွက် လုပ်ဆောင်နိုင်မှုစွမ်းအားမှာ Desktop တွေထက် အားနည်းပါတယ်။

    7) Budget နဲ့ Mid-range Laptop တွေဟာ Magnetic Hard Disk တွေကို အများဆုံးထည့်သွင်း အသုံးပြုထားပါတယ်။ ပုံမှန်အားဖြင့် 500GB မှ 1TB (1000GB) အထိပါရှိကြပါတယ်။ Mid-range အထက်နဲ့ Flagship (High-end) Laptop တွေမှာတော့ ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ M.2 SSD (Solid State Drive) တွေသုံးလာကြာပါတယ်။ ဒါပေမယ့် သူတို့မှာနေရာ အကျယ်အ၀န်းအားဖြင့်တော့ နည်းသေးတယ်ဆိုတာ သတိပြုထားစေချင်ပါတယ်။ Windows နဲ့ ပုံမှန်အသုံးပြုစရာ Software အားလုံးအတွက် အနည်းဆုံး 128GB လောက်လိုအပ်ပါတယ်။

    😊 ရွေးချယ်စရာနောက်တစ်မျိုးကတော့ HP Envy X360၊ Lenovo YOGA နဲ့ Microsoft Surface တို့လို Laptop Mode ရော၊ Tablet Mode ပါ နှစ်မျိုးသုံးလို့ရတဲ့ 2-in-1 Model တွေလည်းရှိတယ်ဆိုတာ သိထားစေချင်ပါတယ်။

    နောက်ဆုံးပေါ်နည်းပညာပစ္စည်း၊ နည်းပညာဆောင်းပါးနှင့်Promotion ဈေးနှုန်းလေးတွေကို အချိန်နဲ့တပြေးညီ Post လေးတွေ တင်ပေးနေပါတယ်… 😊😊😊

    အားလုံးသိရအောင် MAT Computer System Page လေးကို Like လုပ်ထားတဲ့အပြင် See First ပါလုပ်ထားပေးပါလို့ တောင်းဆိုပါတယ်ခင်ဗျာ…

    ⭐️ MAT IT & Mobile Sales and Service

    🏡အမှတ် (၆၁/က)၊ ၂၇ လမ်း၊ ၇၃ လမ်း နှင့် ၇၄ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ ဖုန်း (၀၉)-၄၃၀၅၉၈၁၄၊ ၄၃၀၅၉၈၁၃၊ ၂၆၅၁၆၀၉၆၃၊ ၄၃၀၅၈၇၆၅။

    🏡

    အမှတ် (၂၅)၊ ကျောက္ကာလမ်း နှင့် မကျီးကုန်းလမ်းဒေါင့်၊ ၀ါစက်ဝင်းအနီး၊ ချမ်းမြသာစည်ရပ်၊ မုံရွာမြို့။ ဖုန်း (၀၉)-၇၉၇၂၂၂၂၄၂၊ ၂၅၆၃၇၇၂၄၂။

    🕰

    ဆိုင်ဖွင့်ချိန် – နံနက် (၉) နာရီ မှ ညနေ (၆:၃၀) အထိ။

    e-mail: [email protected]

    #knowledgesharing

    #tipsforcomputeruser

    #MAT

  • Knowledge လေး Share ရင်းနဲ့ဈေးလည်းရောင်းချင်ပါတယ် ASUS Vivobook D513IA

    Knowledge လေး Share ရင်းနဲ့ဈေးလည်းရောင်းချင်ပါတယ်

    Serious Gamer မဟုတ်ပဲ

    – ပါးလည်းပါးမယ်

    – Power စားလည်းသက်သာမယ်

    – လှလဲလှရမယ်

    – Wireless network စနစ်ကလည်းမြင့်ချင်တယ်

    – Game အတော်များများ ဆော့လို့ရချင်တယ် ဆိုရင်ဖြင့်

    – Intel Core i7 10th Gen နဲ့ performance ယှဉ်နိုင်ပြီး…

    – Intel Core i5 10th Gen ထက်ဈေးသက်သာတဲ့

    ဒီလို Laptop မျိုးကိုသာ သေချာပေါက် ရွေးချယ်သင့်ပါတယ်….

    ASUS Vivobook D513IA

    ***********************

    ပါဝင်တဲ့ Specification တွေက…

    – AMD Ryzen 7-4700U

    – AMD Radeon 7nm Graphics

    – RAM 8GB DDR4

    – 512GB PCIe SSD

    – Window 10 64BIT

    – 15.6” FHD

    – Wifi 6

    – 3 Cell-42 WH

    – BackPack

    – Price $629 (83xxxx ကျပ်ဝန်းကျင်)

    Ryzen 7 ကိုမှ နောက်ဆုံးထုတ် 4th generation CPU ကို သုံးထားပါတယ်…

    ပြောချင်တာက သူ့မှာပါတဲ့ AMD Radeon 7nm Graphics (Code name: Renoir) ဟာ လတ်တလော Dedicated Grpahic Card သီးသန့်မပါတဲ့ Intel, AMD laptop အားလုံးမှာ Performance အမြင့်ဆုံးဖြစ်နေတာပါပဲ

    😮😮😮

    တရားဝင် စမ်းသပ်ချက်များမှာ ရခဲ့တဲ့ Average Frame Per Second များကတော့…

    – Battlefield V – 40

    – GTA V – 48

    – CSGO – 75

    – VALORANT – 135

    – DOOM Eternal – 42

    – Resident Evil 3 (2020) – 32

    – PUBG – 50

    – Call of Duty: WarZone online – 37 FPS

    တို့ပဲဖြစ်ပါတယ်… Graphic Card သီးသန့်မပါတဲ့၊ အရင်ခေတ်အသုံးအနှုန်းနဲ့ပြောရရင် Onboard Graphic ထဲမှာတော့ လွန်ခဲ့တဲ့ တနှစ်လောက်က Graphic Card အနိမ့် သီးသန့်ပါတဲ့ Laptop ၀ယ်ထားမိတဲ့သူတွေတောင် မျက်ရည်ဝိုင်းရလောက်ပါတယ်😞

    အကောင်းဆုံးထဲမှာ အလှဆုံးလည်းဖြစ်မယ်၊ အဲ့ (၂) မျိုးစလုံးမှာ ဈေးအတန်ဆုံးလည်းဖြစ်မယ်ဆိုတော့…

    Stock မကုန်ခင် ဆရာ၊ ဆရာမတို့ ကြိုက်နှစ်သက်ရာကို လာရောက်ရွေးချယ်ဝယ်ယူကြပါနော့…

    ဖုန်းလေးတချက်ဆက်ရုံ…📞☎️

    Mandalay: 09-43059814, 09-43059813, 09-265160963, 09-408565593

    Monywa: 09-256377242, 09-797222242

    ဒါမှမဟုတ် MAT Computer System Facebook page က Messenger ကိုပဲလှမ်းပြီးမေးမေး…👋👋👋

    ကောင်းကျိုးဆိုးပြစ် အစုံအလင် ရှင်းလင်းပေးပြီး၊ ဘယ်လို Laptop, Desktop နဲ့ Accessories မျိုးကိုမဆို ကျပ် (၁၀၀၀၀) ဖိုးနဲ့အထက်သာ ၀ယ်ယူလိုက်ပါ… မန္တလေး၊ မုံရွာ နှစ်မြို့လုံး ဘယ်နေရာနေနေ အခမဲ့ပို့ပေးမှာပါ😍😍😍

    နယ်မှဝယ်ယူသော Customer များအတွက်လည်း လိုအပ်သော Software များ အပြည့်အစုံထည့်ပေးပြီး၊ ကားဂိတ်အရောက်ပို့ ၀န်ဆောင်မှုပေးနေပါတယ်

    🙏🙏🙏

    Customer များအားလုံး COVID-19 ကင်းဝေးပြီး ကိုယ်၊ စိတ်၊ စီးပွား သုံးပါးမကြွင်းချမ်းသာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ⭐️ MAT IT & Mobile Sales and Service

    🏡 အမှတ် ၆၁/က၊ ၂၇လမ်း၊ ၇၃x၇၄လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးညမို့။

    Sales: 09-43059814, 09-43059813, 09-265160963, 09-408565593

    Service: 09-43058765, 09-408565591, 09-896806855

    🏡 အမှတ်(၂၅)၊ ကျောက္ကာလမ်း နှင့် မကျီးကုန်း လမ်းဒေါင့်၊၀ါစက်ဝင်းအနီး၊ ချမ်းမြသာစည်ရပ်၊ မုံရွာမြို့။

    Sales: 09-256377242

    Service: 09-797222242

    ဆိုင်ဖွင့်ချိန် -နံနက် (၉) နာရီ မှ ညနေ (၆:၃၀) အထိ။

    e-mail: [email protected]

    #ASUS

    #Vivobook

    #Ryzen

    #MAT

  • NVIDIA👉Ampere A100👉RTX 3000 Series

    ဒီနှစ်ရဲ့ 2nd Quarter အကုန်မှာ Nvidia ရဲ့ CEO ဖြစ်သူ ‘Jensen Huang’ ဟာ သူ၏နေအိမ် မီးဖိုချောင်မှတဆင့် နည်းပညာကမ္ဘာကို ‘Keynote’ speech တခု လွှင့်ခဲ့ပါတယ်။ အဲဒါကတော့ Nvidia ဟာ ကမ္ဘာ့အကြီးဆုံး Graphic Card တွေနဲ့ AI System ပါတဲ့ Server တစ်ခုကို လက်ရှိသုံးနေကြတဲ့ High-End CPU Server တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်ထုတ်ပြန်ခဲ့ပါတယ်။

              အဲ့ဒီ Server မှာ Nvidia ရဲ့ GPU အသစ် ‘Ampere’ 7nm ကို အသုံးပြုထားပါတယ်။ ထောင်ပေါင်းများစွာသော Nvidia ရှိ Engineer များရဲ့ ကြိုးစားအားထုတ်မှု့လို့ဆိုပါတယ်။ Chip Name ကို A100 လို့ပေးထားပါတယ်။ လောလောဆယ်မှာ Cloud Services, Data Analysis နဲ့ Artifical Intelligence

    တွေကို အသုံးပြုနေတဲ့ Data Center တွေအတွက် ရည်ရွယ်ပါတယ်။ သူ့အရင်ထွက်ရှိခဲ့တဲ့ Tesla V100 chip နဲ့ နှိုင်းယှဉ်မှု့ကို Post ရဲ့ ပုံ မှာတွေ့မြင်ရမှာပါ။ System board တစ်ခုပေါ်မှာ Ampere A100 chipset card (၈) ခုထိ ထည့်သွင်းတည်ဆောက်ထားပြီး ‘World Largest Graphic Card’ လို့ ကြွေးကြော်ထားပါတယ်။ Chipset တစ်ခုမှာ Transistor 54 billion ထည့်သွင်းထားလို့ Chipset (8) ခုပါတဲ့ SystemBoard တစ်ခုမှာ 432 billion transistor ပါတဲ့အတွက် Computer တစ်လုံးမှာ transistor အရေအတွက် အများဆုံးပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။ CEO Mr.Huang ကတော့ Ampere A100 ဟာ Data Center တည်ဆောက်မှု့နည်းပညာရပ်ဝန်းကို ထူးထူးကဲကဲ အကျိုးသက်ရောက်မှု့ရှိလိမ့်မယ်လို့ ပြောထားပါတယ်။ Server တစ်လုံးကို ပေါင် 50 အလေးချိန်ရှိပြီး ဈေးနှုန်းအနေနဲ့ $199000 သတ်မှတ်ထားပါတယ်။ Post ထဲက ပုံကို ကြည့်ခြင်းအားဖြင့် Server 5 လုံးပါ Rack တစ်ခုကို $1M ကျသင့်ပြီး 28kW ရှိပါမယ်။ သို့ပေမယ့် အခြား Performance တူ Server Rack တွေထက် ကုန်ကျစရိတ် 1/10th ပဲရှိပြီး၊ ပါဝါစားသုံးမှု့နှုန်းကလည်း 1/20th ပဲရှိတယ်လို့ ကြေငြာထားပါတယ်။

              ကဲ့…. ဒုတိယပိုင်းအနေနဲ့ ကျွန်တော်တို့ Home User, Content Creator နဲ့ Gamer တွေအတွက် ဒီ Ampere A100 chip ဟာ ဘာအကျိုးသက်ရောက်မှု့ရှိမလဲလို့ မေးစရာရှိလာပါတယ်!!!

              လောလောဆယ်မှာတော့ Source ပေါင်းမြောက်များစွာကနေ၊ Unofficial information မြောက်များစွာထွက်နေပါတယ်။ အားလုံးစိတ်ဝင်စားအောင် ၀င်ငံထားတဲ့ အထူးသတင်းတစ်ပုဒ်လည်း ရှိနေပါတယ်။

              အဲ့ဒါကတော့ အားလုံးမျှော်နေတဲ့ (အထူးသဖြင့် Gamer အများစု) GeForce RTX 3080 Ti……

              GeForce 3000 series graphic card တွေမှာ Tu 1xx series မဟုတ်တော့ပဲ GA 102 ဆိုတဲ့ 84 Streaming processors 5376 CUDA Cores ပါဝင်တဲ့ GPU engine ကို သုံးလိမ့်မယ်လို့ သတင်းထွက်နေပါတယ်။ သူ့ထက် မော်ဒယ်မြင့်တဲ့ GA103, GA104 GPU တွေနဲ့လည်း ထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ RTX 3080 Ti Graphic Card ဟာ 12GB GDDR6 memory ကို Bandwidth 864Gb/s နဲ့ ထွက်ရှိပါလိမ့်မယ်။ ဈေးကို RTX 2080 Ti ထက် အများကြီးမပိုဘူးလို့ဆိုထားပေမယ့် Performance ပိုင်းကတော့ RTX 2080 Ti ထက် 40% ပိုသာမယ်လို့ ကြားသိရပါတယ်။ RTX 3080 Ti Sample Card test result အရ Boost clock frequency 2.2GHz နဲ့ အလုပ်လုပ်နိုင်ပါတယ်။ (အရင် RTX 2080 Ti Card မှာ Boost clock 1.5GHz ပဲရခဲ့တာပါ)။ DLSS လို့ ခေါ်တဲ့ Deep Learning Super Sampling version အသစ် 3.0 ရမယ်လို့ သိရပါတယ်။ ယခု GAxxx chipset တွေအားလုံးက အခုထွက်ရှိတဲ့ Server chipset Ampere A100 ကို အခြေခံပြီး ထုတ်ထားတာပါ။ PC 4K Gaming လောကကို အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် nVidia ရဲ့ ထုံးစံအတိုင်း Ampere chip ဟာ ပထမ Tesla Card ၊ ပြီးမှ Quadro Card အဆင့်ဆင့် လာမှာဆိုတော့ RTX 3080 Ti Card ဟာ ယခုနှစ်ဆောင်းဦးရာသီ အားလပ်ရက်များရောက်မှ ထွက်ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

              နိဂုံးချုပ်အနေနဲ့ သုံးသပ်သူများရဲ့ သတင်းကတော့ ‘Intel’ ရဲ့ transistor ‘tens of billions’ သုံးထားပါတယ်ဆိုတဲ့ ‘Xe’ အမည်ရ GPU ၊ AMD ရဲ့အမည် အမျိုးမျိုးထွက်နေတဲ့ Next Generation GPU (Big Navi, Navi 2X, RDNA 2) တို့နဲ့ Graphic Card ပြိုင်ပွဲဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ဒီနှစ်မကုန်ခင် Benchmark record အသစ်တွေ၊ Sector အသီးသီးရဲ့ အကောင်းဆုံး Graphic Card တွေကို တွေ့မြင်ရတော့မှာ ဆိုတဲ့ အကြောင်း ဝေမျှလိုက်ရပါတယ်။

  • DISINTEGRATION

    ဒီတစ်ပတ်တော့ ‘HALO’ Game ရဲ့ Co-Creator Marcus Lehto တည်ထောင်ထားတဲ့ V1 Interactive Studio ကနေ June 16, 2020 ရက်နေ့မှာ ထုတ်လုပ်လိုက်တဲ့ ‘Disintegration’ ဆိုတဲ့ Game လေးနဲ့ Gamer ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Game ရဲ့ ထူးခြားချက်က First-Person-Shooter (FPS) နဲ့ Real Time Strategy (RTS) ကို ပေါင်းစပ်ပေးထားတာပါပဲ။

    Disintegration ရဲ့ ဇာတ်လမ်းကျောရိုးကတော့…….

    ကျွန်တော်တို့ရဲ့ အနာဂတ် ကမ္ဘာကြီးပေါ်မှာ မုန်တိုင်းကြီးတွေ နေရာအနှံ့ ဖြစ်ပေါ်ပြီး စိစိညက်ညက်ကြေအောင် ပျက်စီးဆုံးရှုံးမှု့တွေ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့စီးပွားရေး အလုံးစုံလည်း ပျက်စီးခဲ့ရပါတယ်။ လူတွေမှာ ရောဂါဆန်းပေါင်းစုံဖြစ်ပေါ်ပြီး လူသားမျိုးတုံးလုနီးနီး ဖြစ်သွားတဲ့ အခြေအနေကို ရောက်သွားပါတယ်။

    ဒါပေမယ့် လူသားတွေရဲ့ အရေးကြီးဆုံး မှတ်ညဏ်အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်ကို လူသားပုံစံ စက်ရုပ်အတွင်းမှာ အစားထိုးခြင်းဖြင့် အာရုံခံစားနိုင်စွမ်းရှိတဲ့ Hybrid Robot ဘ၀နဲ့ ဟန်မပျက် ဆက်လက်ရပ်တည်ကြပါတယ်။ အဲ့ဒီ လုပ်ငန်းတွေနဲ့ ကမ္ဘာကြီးကို ဗိုလ်ကြ၊ ကြီးစိုး၊ ချယ်လှယ်လာတာကတော့ ‘Rayonne’ ဆိုတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

    ‘Disintegration’ ဆိုတဲ့ Game ထဲက အဓိက ဇာတ်ကောင်ကတော့ ‘Romer Shoal’ ဆိုတဲ့ Gravcycle Pilot ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ တော်လှန်ရေးအဖွဲ့ငယ်လေးက ပုံမှန်လူသားတွေဆက်လက်ရှင်သန်ရေးအတွက် ‘Rayonne’ အဖွဲ့အစည်းကြီးကို Game ကစားသူ ကိုယ်စွမ်း၊ ညဏ်စွမ်းရှိသလောက် တွန်းလှန်ကစားသွားရမယ့် စိတ်ဝင်စားစရာ Game ကောင်းတခု အဖြစ် ရည်ညွှန်းလိုက်ရပါတယ်။

    Game ကစားသူက အဓိကဇာတ်ကောင်ဖြစ်တဲ့ ‘Romer Shoal’ နေရာမှာ First-Person-Shooter ပုံစံ ကစားရမှာဖြစ်ပြီး၊ တစ်ချိန်တည်းမှာ သူ့ရဲ့အဖွဲ့ငယ်ဖြစ်တဲ့ ‘Coqui’၊ ‘Doyle’ နဲ့ ‘Agnes’ တို့ကို Real Time Strategy ပုံစံ command ပေးပြီး တိုက်ပွဲ အလီလီကို အောင်မြင်အောင် တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။

    အဖွဲ့ဝင် သုံးယောက်ရဲ့ နာမည်ကို ကိုယ်ကြိုက်သလို ပြောင်းလို့ရတယ်နော

    Difficult level တွေကိုတော့ Story ၊ Recrut ၊ Maverick နဲ့ Outlaw အဖြစ် အမျိုးမျိုး ‘ဇ’ ရှိသလို ရွေးကစားနိုင်ပါတယ်။ ဒါကတော့ Single Campaign Mode ကို ပြောပြပေးတာပါ။

    Multiplayer အတွက်လည်း Map မျိုးစုံပါတဲ့ Team-based 5v5 multiplayer mode ကို ထည့်သွင်းပေးထားပါတယ်. ဒါပေမယ့် Multiplayer Mode ကစားမယ်ဆိုရင်တော့ Disintegration ကို Steam ထဲမှာ $49.99 နဲ့ ၀ယ်ရမှာဖြစ်ပါတယ်.

    Multiplayer team အမျိုးအစားတွေကို-

    -The Business

    -King’s Guard

    -Lost Ronin

    -The Militia

    -Muertos

    -Neon Dreams

    -The Sideshows

    -Tech Noir

    -Warhedz

    ဆိုပီး အမျိုးအစား (9) မျိုး ခွဲပေးထားပါတယ်……

    လောလောဆယ်မှာတော့ Disintegration Game ဟာ Gamespot Rating-7, Metascore Ration-64 ရထားပြီး အခြေအနေကောင်းနေပါတယ်။ Steam reviews မှာလည်း 70% နဲ့ Mostly Positive ရရှိထားပါတယ်။

    PC SYSTEM REQUIREMENTS

    Minimum & Recommended တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    Minimum:
    OS: Windows 10 64-bit
    Processor: Intel Core i5-2400 or AMD Ryzen5 1400
    Memory: 8 GB RAM
    Graphics: Geforce GTX 570 or Radeon HD 7850
    DirectX: Version 11
    Storage: 15 GB available space

    Recommended:
    OS: Windows 10 64-bit
    Processor: Intel Core i7-8700 or AMD Ryzen7 3800X
    Memory: 16 GB RAM
    Graphics: Geforce GTX 1060 6GB or Radeon RX 5700 XT
    DirectX: Version 11
    Storage: 15 GB available space

    ⭐️ MAT IT & Mobile Sales and Service

    🏡 á€Ąá€™á€˝á€á€š (၆၁/က)၊ ၂၇ လမ်း၊ ၇၃ လမ်း နှင့် ၇၄ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

    ဖုန်း (၀၂) ၄၀၇၂၆၇၉၊ (၀၉) ၄၃၀၅၈၇၆၅၊ ၄၃၀၅၉၈၁၄၊ ၄၃၀၅၉၈၁၃။

    🏡  အမှတ် (၂၅)၊ ကျောက္ကာလမ်း နှင့် မကျီးကုန်းလမ်းဒေါင့်၊ ဝါစက်ဝင်းအနီး၊ ချမ်းမြသာစည်ရပ်၊ မုံရွာမြို့။

    ဖုန်း (၀၉)-၇၉၇၂၂၂၂၄၂၊ ၂၅၆၃၇၇၂၄၂။

    🕰  ဆိုင်ဖွင့်ချိန်- နံနက် (၉) နာရီ မှ ညနေ (၆:၃၀) အထိ။
    e-mail: [email protected]

  • AMD Vs Intel

    Computer Desktop Processor (CPU )ဈေးကွက်ကို နှစ်အတန်ကြာ အုပ်စိုးထားခဲ့တဲ့ Intel Company ဟာ ပြီးခဲ့တဲ့နှစ် AMD Ryzen CPU Series `Zen2` ရဲ့ တော်လှန်ပုန်ကန်မှု့နဲ့အတူ သူရဲ့ဈေးကွက်ဝေစု အတော်များများကို လက်လွှတ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် ယခုနှစ် April လ မှာ Intel က သူ့ရဲ့ CPU Product အသစ် `Comet Lake-S` တနည်းအားဖြင့် Core Series ရဲ့ 10th gen processor ကို AMD Ryzen `Zen2` နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ပွဲထုတ်ခဲ့ပါတယ်။ လက်လွှတ်ခဲ့ရတဲ့ Gamer တွေ၊ Creator တွေကို `Comet Lake-S` ရဲ့ Performance နဲ့ ပြန်လည်ဆွဲဆောင်ဖို့လို့ အပေါ်ယံအားဖြင့် ယူဆနိုင်ပါတယ်။ ဧရာမ CPU Chip ဈေးကွက်ကြီးထဲမှာလဲ ယခုနှစ် July လဆိုရင် AMD ရဲ့ Ryzen Zen2 ဟာ ပထမနှစ်ပတ်လည်ကာလတောင် ရောက်ရှိလာပါပြီ။ အချို့သော အဓိကကျတဲ့ CPU Key Features တွေမှာ ခြေတလှမ်းနောက်ကျကျန်ခဲ့တဲ့ Intel ဟာ DIY (or) Custom PC ဈေးကွက်တွင်သာမက Brand အတော်များများရဲ့ Laptop CPU ဈေးကွက်မှာလည်း သူ့ရဲ့ဈေးကွက်ဝေစု အတော်များများကို လက်လွှတ်ခဲ့ရပါတယ်။

    14nm # 7nm

    ကျွန်တော်တို့သုံးစွဲသူ (Customer) တွေသာ အသင့်သုံး၊ လက်တင်သုံးဖို့ (Budget လောက်ခဲ့ရင်ပေါ့လေ 😜) လွယ်ကူပေမယ့် နည်းပညာအသစ်ထုတ်လုပ်သူတွေ အတွက်တော့ Error ကင်းကင်း (0%) လည်ပတ်နိုင်ဖို့ဆိုတာ အမြဲတမ်းခက်ခဲပါတယ်။ Intel ဟာ လက်ရှိ အခြေအနေမှာ Desktop CPU Fabrication Process ကို 10nm ထိလျှော့ချဖို့ အခက်အခဲများစွာကို ဖြတ်သန်းနေရပါတယ်။
    ကုမ္ပဏီကိုယ်၌ကလည်း အနည်းဆုံး 2021 နှစ် ကုန်ထိ Mobile ပစ္စည်းတွေအတွက် 7nm processor တွေ ရောက်မလာနိုင်သေးပါဘူးလို့ အတိအလင်း ဝန်ခံထားပါတယ်။ Covid-19 ဖြစ်စဉ်ကလည်း ဒီထုတ်လုပ်မှု့ကိုပိုပြီး (delay) ကြန့်ကြာနိုင်စေမှာပါလို့ ခန့်မှန်းကြပါတယ်။ အတည်ပြုထားခြင်း မရှိတဲ့ သတင်းတွေအရတော့ AMD ဟာ သူတို့ Zen2 (7nm processor) ကို ထုတ်လုပ်စမ်းသပ်နေတာ 8 နှစ် ရှိနေပြီလို့ ကြားသိရပါတယ်။

    New Generation Processor နဲ့ New CPU Socket Motherboard

    Intel 10th generation processor အသစ်သုံးချင်တဲ့ customer များအတွက်က socket အသစ် (LGA 1200) နဲ့ 400-series Motherboard chipset အသစ်တွေကို ပြောင်းသုံးရမှာ ဖြစ်ပါတယ်။ Motherboard တွေကို Z490 (high-end), B460 (mainstream) နဲ့ H410 (Budget) ဆိုပြီး ဈေးအနိမ့်၊ အမြင့် ခွဲထားပါတယ်။ Motherboard အသစ်တွေရဲ့ ထုံးစံအတိုင်း Z490 ကို စတင်ထုတ်လုပ်ပြီး Motherboard အနိမ့်တွေက ထုတ်လုပ်တဲ့ manufacturer တွေအပေါ် မူတည်ပြီး မျိုးကွဲ (40) လောက်အထိ နောက်လအနည်းငယ်အတွင်းမှာ ဝယ်ယူရရှိနိုင်ကြတော့မှာပါ။ Motherboard ထုတ်တဲ့ ASUS, GIGABYTE, MSI Company တွေကတော့ chipset အသစ်ဖြစ်တဲ့ Z490 ကိုသုံးထားတဲ့ သူတို့ရဲ့ Motherboard တွေဟာ PCIe 4.0 ကို support ပေးဖို့ ready ဖြစ်နေကြပါပြီလို့ ကြေငြာထားပါတယ်။ ဒါပေမယ့် 10th gen processor ထုတ်ထားတဲ့ Intel ကိုယ်၌က 10th gen ဟာ PCIe 3.0 ကိုပဲ support လုပ်နိုင်ပါတယ်လို့ ကြေငြာထားပါတယ်

    ဆိုတော့…. ကျွန်တော်တို့ ဘာတွေများ အသစ်အဆန်းရနိုင်မလဲ?

    Technical ကျွမ်းကျင်တွေရဲ့ သုံးသပ်ချက်ကတော့ Z490 ဟာ နောင်လာမယ့် (10th gen နောက်ပိုင်း) နည်းပညာတွေအတွက် အဆင်သင့်ဖြစ်ရုံလောက်ပါပဲလို့ သုံးသပ်ထားပါတယ်။ ပြဿနာက main feature အသစ်အဆန်းမပါပဲ ကုန်ကျစရိတ်ရှိမယ့် 10th gen processor & Z490 Motherboard ဝယ်ရမယ့် ကုန်ကျစရိတ်ပါပဲ ။
    နည်းပညာအသစ်ရဲ့ တိုးတက်ပြောင်းလဲခြင်းအရ သင်အသုံးပြုနေတဲ့ Software or Game ကို 15% လောက်မှ ပိုမိုပြောင်းလဲမြန်ဆန်မှု့မရှိရင် မပြောင်းသင့်ပါဘူးလို့ အကြံပြုကြပါတယ်။

    AMD platform ဘက်မှာတော့ လွန်ခဲ့သော 4 နှစ်ထဲက အသုံးပြုနေတဲ့ AM4 Socket နဲ့ Motherboard အတော်များများဟာ BIOS Update လုပ်ပေးရုံနဲ့ နောက်ဆုံးထွက်ထားတဲ့ High end processor Ryzen9 3950X ကို အသုံးပြုနိုင်ပါတယ်။ ပြောချင်တာက သင့်ရဲ့ PC ကို upgrade လုပ်ဖို့အတွက် Processor + Motherboard အစုံလိုက ဝယ်ဖို့ မလိုဘူးဆိုတဲ့ အကြောင်းအရာပါပဲ။

    လက်တွေ့ အသုံးချနှိုင်းယှဉ်မှု့ရလာဒ်များ

    Processor တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာကြရင် 3D application render များ၊ ဒါဇင်နဲ့ချီပြီး အသံဖမ်းထားတဲ့ Music tracks တွေကို Mixing လုပ်မှု့များ၊ ဒါမှမဟုတ် Video format တွေကို Encode /Decode လုပ်ရာမှာ ကြာတဲ့ အချိန်တွေနဲ့ နှိုင်းယှဉ်ပြီး Processor ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာကြပါတယ်။
    Intel ဟာ Core i9-9900K processor generation တုန်းက Cinebench R15 ၊ R20 တို့လို processor core stress တိုင်းတဲ့ Software တွေ၊ Hangbrake video encoding software တွေနဲ့ တိုင်းတာရာမှာ Ryzen9 3900X processor ကို 25% ကနေ 45% အထိ နှေးတဲ့ရလာဒ်နဲ့ နောက်ကောက်ချခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် ယခု 10th Gen processor မှာတော့ အရင် 9th Gen ထက် 18% ပိုမြန်ပါတယ်လို့ ကြေငြာထားပါတယ်။ 8th Gen တုန်းက Core i3 Series တွေကို Turbo Boost မပေးခဲ့တတွေ၊ 8th Gen၊ 9th Gen တုန်းက Hyper-Threading မပေးခဲ့တာတွေ အားလုံးကို ပြင်ဆင်ပြီး 10th Gen မှာ i3 ကစပြီး Turbo Boost ရော၊ Hyper-Threading ရော ပေးထားပါတယ်။ အဲ့ဒါအပြင် အရင်တုန်းက Core i5 ၊ i7 တွေတောင် K ၊ KF Series တွေမှ ပေးထားတဲ့ All Core Turbo Boost Feature ကို အခု 10th Gen processor series မှာ i3 processor အနိမ့်ဆုံးက စပြီး ထည့်ေးပထားပါတယ်။ ဒါကိုတောင် Performance တိုင်းတာတဲ့ အဖွဲ့တွေက i9-10900K က Ryzen 9 3900X processor ထက် 7% ကနေ 38% အထိ နှေးနိုင်တယ်လို့
    ဆိုနေကြပါတယ်။

    Conclusion

    AMD ဟာ နှစ်ပေါင်းများစွာ `Render ဆိုရင် နှေးတယ်` ၊ `AMD CPU က heat မနိုင်ဘူး` ဆိုတဲ့ ခရီးကြမ်းကို ရုန်းကန်လျှောက်လှမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ 2019 နှစ်လယ်ကစပြီး သူ့ရဲ့ လေနုအေးလေးတိုက်နေတဲ့ မနက်ခင်းနေရောင်ချည်ဟာ စတင်လာပါပြီ။ Intel ကတော့ သူ့ရဲ့ PC processor ဆိုရင် Intel မှ ဆိုတဲ့ သရဖူကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ အခုလည်း Overclocking တွေမှာတော့ Intel Processor ဟာ အခြေအနေကောင်းနေပါသေးတယ်။ သူဟာလည်း သင့်ရဲ့ PC ကို Upgrade လုပ်ရင်ဖြစ်ြဖစ်၊ သင်နောက်ထက် PC အသစ်တလုံးဆင်ရင် (သို့) ဝယ်ရင်ဖြစ်ဖြစ် Intel ဆိုတော့ brand ကို ဘာကြောင့် သုံးရတယ်ဆိုတာ သိအောင် သက်သေပြဖို့ ကြိုးစားနေမှာပါပဲ။

    8:15pm
    28th June 2020
    Tayzer Win
    #MAT Computer System
    #Intel
    #AMD
    #Ryzen

  • `ခေတ်တစ်ခေတ် အစပျိုးခြင်း (သို့မဟုတ်) AMD SmartShift Technology´

    ပြီးခဲ့တဲ့ ဆယ်စုနှစ်(၂)ခု အတွင်းမှာ PC, Console Gaming System တွေရဲ့ ပြောင်းလဲလာမှု့ကတော့ မယုံကြည်နိုင်လောက်အောင်ကို ပြောင်းလဲခဲ့ကြပါတယ်။ ဒီနေ့ပြောပြမယ့် AMD SmartShift Technology အကြောင်းမှာ မပါမဖြစ် ပြောပြရမယ့် လူတစ်ယောက်အကြောင်းရှိပါတယ်။ အဲဒီပုဂ္ဂိုလ်နာမည်ကတော့ `Frank Azor´ ဖြစ်ပါတယ်
    သူကတော့ PC Gaming Machine လောကရဲ့ ဥသျှောင်လို့ခေါ်ရမယ့် `Alienware´ ကို စတင်တည်ထောင်သူ (၃) ဦးထဲက တစ်ဦးဖြစ်ပါတယ်။
    -1998 ကနေ 2009 အထိ Alienware မှာ Engineer ၊ နောက်ပိုင်း Sales&Marketing မှာ Executive
    -Alienware ကို Dell အားရောင်းချပြီးနောက် 2009 ကနေ 2012 အထိ Dell ရဲ့ Alienware product planning မှာ Responsible person
    -2012 ကနေ 2019 အထိ Dell products တွေထဲက Alienware, Gaming (G Series) နဲ့ XPS brand တွေရဲ့ Vice President နဲ့ General Manager အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    သူဟာ 2019 July လလောက်မှာ (Zen2 CPU ထွက်တဲ့ အချိန်လောက်) AMD ကို Chief Architect of Gaming Solutions ရာထူးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ High performance ပစ္စည်းနှစ်ခုကို ပိုင်ဆိုင်ထားတဲ့ (AMD Ryzen CPU နဲ့ AMD Radeon GPU) အတွက်ကြောင့်မို့ နောက်ထပ်ကြီးမားကျယ်ပြန့်သော နည်းပညာနဲ့ Software ကို ပူးပေါင်းတီထွင်ဖန်တီးချင်တာလည်း သူ့ရဲ့ အိမ်မက်အသစ်တစ်တစ်ခုဖြစ်နေပါတယ်။

    သူ AMD ကို ရောက်ပြီး တနှစ်နီးပါးအကြာမှာတော့…….

    AMD ဟာ Dell နဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာ့ ပထမဆုံး `AMD Advantage´ System ဖြစ်တဲ့ `Dell G5 15 SE´ (Special Edition) ကို Customer တွေဆီ တင်ဆက်ခဲ့ပါတယ်။ ကျောင်းသုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးကစပြီးတော့ Content Creation သမားတွေ အတွက်သာမက၊ နောက်ဆုံးပေါ် Game တွေကို Framerates အမြင်နဲ့ ကစားဖို့အဆုံးထိ Dell G5 15 SE Laptop ဟာ လုပ်ဆောင်ပေးနိုင်မှာပါ။ AMD Gaming Solution ထုတ်ကုန်တွေထဲမှာ ပြည့်စုံကျယ်ပြန့်ဆုံး ထုတ်ကုန်တစ်ခု ဖြစ်လာမယ့် AMD SmartShift ကို နည်းပညာအသစ်အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

    အဲဒီ `SmartShift´ ဆိုတာ ဘာလဲ !!!

    Free performance boost တစ်ခုအနေနဲ့ တွေးထင်ထားလို့ရပါတယ်။ Laptop ရဲ့ Size, Weight နဲ့ ပါဝါစားသုံးမှု့ကို ဘာမှထပ်တိုးမထားပါဘူး။ ဒါပေမယ့် User နဲ့ Gamer တွေ အားလုံးကို performance 14% အထိ ရှိရင်းစွဲထက် performance ပိုကောင်းအောင်လုပ်ဆောင်ပေးထားပါတယ်။ ဘယ်လိုလုပ်ထားသလဲဆိုတော့ AMD Ryzen 4th Gen CPU နဲ့ AMD Radeon RX 5600M GPU ကို တခုနဲ့တခု တိုက်ရိုက်ဆက်သွယ်ပြီး တခုကိုတခု Loading မှာ ပံ့ပိုးလို့ရအောင် ပထမဆုံး နည်းပညာအနေနဲ့ ဖန်တီးပေးထားပါတယ်။ WIRED မဂ္ဂဇင်းကတော့ ဒီနည်းပညာကို ` It´s smart, it´s powerful and it has big potential ´ ဆိုပြီးချီးကျူးထားပါတယ်။
    4th May 2020 မှာ AMD Performance Lab ရဲ့ RM-018 testing မှာ `The Witcher3´, `Battlefield5´, `TC The Diversion2´ ကို Dell 65 15 SE (Ryzen7 4800H, RX 5600M 6GB, 32GB DDR4-3200MHz) Laptop နဲ့ AMD SmartShift ON/OFF ပြီး test လုပ်ခဲ့ပါတယ်။ Test result ဟာလည်း သိသိသာသာ ကွာခြားခဲ့ပါတယ်။ Post က ပူးတွဲပုံမှာ လေ့လာနိုင်ပါတယ်။ ကိန်းဂဏန်းအရရော၊ အမြင်အရပါ ကွာခြားနေတာ သိသာပါတယ်။ Content Creator များအတွက်လည်း AMD SmartShift ON/OFF ဟာ Cinebench 20nT လို benchmark software မှာ 12% ပိုမိုမြန်ဆန်တာကို တိုင်းတာလို့ရခဲ့ပါတယ်။

    Dell G5 15 SE Laptop ကိုလည်း Ryzen5 4600H CPU ကနေ Ryzen9 4900H CPU အထိ Dual Channel 3200MHz Memory နဲ့ အစားစားဝယ်ယူနိုင်မှာပါ။ နောက်ပြီးတော့ 7nm AMD RDNA Gaming Architecture ပါတဲ့ RX 5600M 6GB GPU ကိုလည်း ထည့်သွင်းပေးထားပါတယ်။ AMD Freesync technology panel လုပ်ဖို့ 60Hz or 144Hz ကို စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။ Four-zone RGB Keyboard ပါပြီး Control လုပ်ဖို့ Alienware Control Center ကို ထည့်သွင်းပေးထားပါတယ်။ Dell ကတော့ USD 799 က စတင်ရောင်းချမယ် ပြောထားတော့ ဈေးမှားတဲ့အထဲမှာ မပါဘူးလို့ ဆိုရပါမယ်။
     
    AMD ဘက်မှ ပြောကြားထားတဲ့ Dell ပရိတ်သတ်မဟုတ်သူများအတွက် သတင်းဆိုးကတော့ 2021 ခုနှစ် မတိုင်မှီ Dell brand မှ လွဲပြီး အခြား ဘယ် Laptop brand နဲ့မှ AMD SmartShift Technology ပါဝင်ပြီး ထွက်စရာမရှိသေးပါဘူး ဆိုတာပါပဲ။ နောက်ပြီး PC ထုတ်လုပ်သူအတော်များများဟာလည်း Ryzen 4xxxH Class Series ရဲ့ Game Changer ဖြစ်လာမယ့် performance ကို
    ကြိုတင်တွက်ဆမထားခြင်းကြောင့်လည်း နောက်ကျကျန်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီတော့ Dell G5 15 SE ဟာ AMD Processor, Graphics နဲ့ Software (၃) မျိုးကို အကောင်းဆုံး performance ရအောင် ပေါင်းစပ်ထားတဲ့ PC လောကရဲ့ ပထမဆုံး Game Changer Laptop ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နောက်လအနည်းငယ်အတွင်း တွေ့မြင်စမ်းသပ်လို့ ရနိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျား…….

    10:00am

    18th July 2020

    Tazer Win

    #MAT Computer System

    #Gaming

    #Dell

    #AMD

    #Ryzen

    #Radeon